Retreat Information

Kammaṭṭhānācariya Sayadaw from Depeyin, Venerable Thu Min Ga La (Mahasi Nayaka Sayadaw- Domestic and International) will be conducting the retreat by Zoom and on-site including interviews on progress of meditation.

If you have any queries please contact us: bbbtmeditation@gmail.com, Phone /WhatsApp no +447379354168 

Although one full hour is allocated for sitting meditation practice, it is flexible, and one can meditate for as long as one is able to. If you are not able to sit for a full one hour you may practice walking meditation.

You will be expected to arrive by 8 pm on the night before commencement of retreat to the Vihara with personal belongings such as pillowcases, quilt cover etc. 

There is a restriction in the number of people the Vihara can accommodate.

Vihara has the maximum capacity of 20 Yogis in total including day time Yogis. Priority will be given to yogis coming from afar and ones who will be meditating from start to the end of the retreat. At the vihara there is a limited capacity for overnight stay, (2) men and (8) women for long retreat. 

For zoom yogis there is no limit and the ID and passcode will be sent one day prior to the commencement of retreat. Please do not share your ID and passcode.

Sound physical and mental health is a basic requirement for intensive meditation practice. Please switch off your phones and refrain from talking to each other etc. during the meditation sessions. 

ကမ္မဋ္ဌာနာစရိယဆရာတော်        

ဒီပဲယင်းဆရာတော် ဘဒ္ဒန္တသုမင်္ဂလ ( ပြည်တွင်းပြည်ပ မဟာစည်နာယက )   

zoom နှင့် ကျောင်းတွင် တရားပြခြင်း၊ တရားစစ်ခြင်း ပြုလုပ်ပါမည်။ 

စုံစမ်းရန် Email: bbbtmeditation@gmail.com, Ph & WhatsApp: +44 73 7935 4168

ကျောင်းတွင်နေ၍တရားအားထုတ်မည့်ယောဂီများသည် တရားစခန်းမစမီတရက်အလို ည (၈) နာရီနောက်ဆုံးထား၍ ကျောင်းအရောက် မိမိအသုံးအဆောင် ၊ စောင်စွပ် ၊ ခေါင်းအုံးစွပ်များ ယူဆောင်၍ ကြွရောက်ပါရန်။

တရားထိုင်ချိန် (၁) နာရီသတ်မှတ်ထားသော်လည်း မိမိနိုင်သလောက် ထိုင်နိုင်ပါသည်။ မထိုင်နိုင်လျှင် စင်္ကြန်လျှောက်ပြီး မှတ်နေပါ။

နေရာအခက်အခဲရှိပါ၍ လူဦးရေကန့်သတ်ချက်ရှိပါသည်။ ကျောင်းတွင်အများဆုံးယောဂီ (၂၀)ဦး သာလက်ခံနိုင်ပါသည်။ အဝေးမှလာသောယောဂီနှင့် တရားစခန်း အစအဆုံး ဝင်နိုင်သောယောဂီများ အားကျောင်းတွင်နေဖို့လက်ခံရာတွင် ဦးစားပေးမည်ဖြစ်ပါသည်။ ကျောင်းတွင်နေ၍ အချိန်ပြည့် တရားအားထုတ်မည့် အမျိုးသားယောဂီ (၂) ဦး ၊  အမျိုးသမီးယောဂီ (၈) ဦး၊ အထိ ရက်ရှည်တရားစခန်းတွင် လက်ခံသွားမည် ဖြစ်ပါသည်။ zoom ယောဂီများအား ID & Passcode ကိုတရားစခန်းမစမှီ တစ်ရက်ကြိုတင် ပို့ပေးပါမည်။

(ID & Passcode ကိုတခြားလူများမပေးရန်။)

တရားအားထုတ်မည့်ယောဂီများသည် ကိုယ်ရောစိတ်ပါအခြေခံကောင်းဖို့လိုပါသည်။ တရားထိုင်သည့်အချိန်အတွင်း စကားမပြောရ၊ တယ်လီဖုန်းများပိတ်ထားရန်။