ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒါစရိယ ကမ္ဘာ့သာသနာပြု

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်း

မဟာစည်ဆရာတော်လောင်းလျာကို သက္ကရာဇ် ၁၂၆၆-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်၊ ၃-ရက်၊ (၂၉-၇-၁၉၀၄)၊ သောကြာနေ့ နံနက် ၃ : ၀၀ နာရီအချိန်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ၌ ခမည်းတော် ဦးကံတော်၊ မယ်တော် ဒေါ်အုပ် တို့က ဖွားမြင်ခဲ့ပါသည်။ မွေးချင်း ၇-ယောက် အနက် ဒုတိယသားရတနာ ဖြစ်ပါသည်။ ငယ်မည်မှာ ‘‘မောင်သွင်’’ ဖြစ်သည်။

၁၂၇၂-ခုနှစ် (၁၉၁၀-ခုနှစ်) ၆-နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာ၊ ပျဉ်းမနားကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စ ထံတွင် အခြေခံစာပေများ သင်ကြားခဲ့ပါသည်။ ၁၂၇၈-ခုနှစ်၊ (၁၉၁၆-ခုနှစ်) ၁၂-နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာ၊ ပျဉ်းမနားကျောင်း ငယ်ဆရာဖြစ်သော ဘဒ္ဒန္တအာဒိစ္စ ထံမှာပင် ခမည်းတော်, မယ်တော်များ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ဘွဲ့တော်မှာ ‘‘ရှင်သောဘန’’ ဖြစ်ပါသည်။

၁၂၈၅-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄-ရက်၊ တနင်္လာနေ့ (၂၆-၁၁-၁၉၂၃)၊ နံနက် ၈ : ၀၀ နာရီအချိန်တွင် ဆိပ်ခွန်ရွာ၊ အင်ကြင်းတောတိုက် ဗဒ္ဓသိမ်တော်၌ ဦးအောင်ဘော်၊ ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ထန်းစင်ရွာ၊ ဂိုဏ်းချုပ် သုမေဓာတောရကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တနိမ္မလထေရ် ကို ဥပဇ္ဈာယ်ပြု၍ သူကြီးကျောင်း ဘုန်းတော်ကြီးဘဒ္ဒန္တပရမ အစရှိသော ကမ္မဝါဆရာတော်များနှင့် ၃၅-ပါးသော ကမ္မကာရကသံဃာတော်များက ဥပသမ္ပဒကံဆောင်ကာ ချီးမြှောက်တော်မူကြသဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ဘွဲ့တော်မှာ ‘‘အရှင်သောဘန’’ ဖြစ်ပါသည်။

၁၂၈၆-ခုနှစ် (၁၉၂၄-ခုနှစ်) ရဟန်းဝါ မရမီ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်း, ၁၂၈၈-ခုနှစ် (၁၉၂၆-ခုနှစ်) တွင် ပထမလတ်တန်း, ၁၂၈၉-ခုနှစ် (၁၉၂၇-ခုနှစ်) တွင် ပထမကြီးတန်းတို့ကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ၁၃၀၃-ခုနှစ် (၁၉၄၁-ခုနှစ်) တွင် မြန်မာနိုင်ငံ၌ ဒုတိယအကြိမ် ကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို ကျမ်းရင်း ၃-ကျမ်းနှင့်တကွ ဂုဏ်ထူး ၅-ကျမ်းတို့ကို ဖြေဆိုအောင်မြင်တော်မူသဖြင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဘွဲ့ ရရှိတော်မူခဲ့ပါသည်။

၁၂၉၀-ခုနှစ် (၁၉၂၈-ခုနှစ်) တွင် မန္တလေးမြို့ အနောက်ပြင်၊ ခင်မကန်ကျောင်းတိုက်၊ ဘွားတော်ကျောင်း၌ သီတင်းသုံး နေထိုင်လျက် ငယ်ဆရာများနှင့်တကွ ချမ်းသာကြီးတိုက် ဆရာတော် ဘဒ္ဒန္တလက္ခဏ၊ ခင်မကန်တိုက်သစ်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသာဘိဝံသ စသော ပရိယတ္တိ အကျော် အမော် ဆရာတော်များထံတွင် ပါဠိတော်, အဋ္ဌကထာ စာပေ ကျမ်းစာများကို ဆည်းပူးလေ့လာ သင်ယူတတ်မြောက် တော်မူခဲ့ပါသည်။ ၁၂၉၁-ခုနှစ်၊ ဝါဆိုလ (၁၉၂၉-ခုနှစ်)တွင် မော်လမြိုင်မြို့၊ တောင်ဝိုင်းကလေးတိုက်ကျောင်း ဆရာတော်ကြီး၊ မိမိနှင့် ဇာတိတူဖြစ်သော ရွှေကျင်နိကာယ ရတ္တညူ မဟာနာယက (မော်လမြိုင်ဋ္ဌာန ရွှေကျင်ဂိုဏ်းချုပ်) ဉူးအာဒိစ္စမထေရ် က ခေါ်ယူတော်မူသောကြောင့် သွားရောက်ပြီးလျှင် စာချဆရာတော်အဖြစ် ထိုကျောင်းတိုက်ရှိ ရဟန်း, သာမဏေတို့အား ပရိယတ္တိစာပေများ သင်ကြားပို့ချပေးတော်မူခဲ့ပါသည်။

၁၂၉၃-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇-ရက်နေ့ (၁၉၃၂-ခုနှစ်) တွင် သမထ, ဝိပဿနာတရား အားထုတ်ကျင့်သုံးလိုသောကြောင့် သီတင်းသုံးဖော် ဘဒ္ဒန္တတေဇဝန္တ နှင့်အတူ ဇင်းကျိုက်,သထုံ, ကေလာသ, မြသပိတ်တောင်, ကျိုက်ထီးရိုးတောင်, ရွှေရောင်ပြတောင် ဦးအုန်းခိုင်တောကျောင်း စသည့်နေရာတို့၌ ကမ္မဋ္ဌာန်းနည်းများကို စူးစမ်းလေ့လာကျင့်သုံးခဲ့ပါသည်။

၁၂၉၃-ခုနှစ်၊ တပေါင်းလဆန်း ၅-ရက် (၁၁-၃-၁၉၃၂) နေ့တွင် သထုံမြို့၊ မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ထံတော်၌ သတိပဋ္ဌာန်ရှုမှတ်နည်းများကို နည်းခံကျင့်သုံးခဲ့ပါသည်။ ၁၂၉၄-ခုနှစ်၊ ဝါဆိုလဆန်း ၇-ရက် (၉-၇-၁၉၃၂) နေ့တွင် တောင်ဝိုင်းကလေးတိုက်ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တအာဒိစ္စမထေရ် မကျန်းမာ၍ အမြန် ပြန်လာရန် အကြောင်း ကြားသဖြင့် သထုံ မှ မော်လမြိုင် သို့ ပြန်လည်ကြွရောက်တော်မူခဲ့ပါသည်။ ၁၂၉၄-ခုနှစ်၊ ဝါဆိုလဆန်း ၁၄-ရက်နေ့၌ င်ဝိုင်းကလေးတိုက်ကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူသွားသဖြင့် ယင်းတိုက်ကျောင်း၌ ဂေါပကရက္ခိတ အဖြစ် စောင့်ရှောက်လျက် စာပေပို့ချကာ ပဋိပတ်အလုပ်ကိုလည်း ဆက်လက် ကြိုးပမ်းတော်မူခဲ့ပါသည်။ ၁၀-ဝါ ပြည့်သည့်အခါ ယင်းတိုက်ကျောင်း၏ ကျောင်းထိုင်ဆရာတော် အဖြစ် လက်ခံခဲ့ပါသည်။ ၁၃၀၀-ပြည့်နှစ်၊ ကဆုန်လ (၁၉၃၈-ခု၊ မေလ) တွင် ဆရာတော်အရှင်သောဘနသည် ဆွေမျိုးဉာတိတို့ကို ချီးမြှောက်ရန် တောင်ဝိုင်းကလေးတိုက်ကျောင်းမှ ဇာတိမြေ ဆိပ်ခွန်ရွာသို့ ပြန်လည်ကြွတော်မူခဲ့ပါသည်။ ၇-လတိတိ သီတင်းသုံးနေထိုင်လျက် မိမိဆွေမျိုး ဦးထွန်းအေး၊ ဦးဖိုးချုံ နှင့် ဆရာကြံ ၃-ဦးတို့အား ကိုယ်တော်တိုင် ကျင့်သုံးအားထုတ်ခဲ့သော သတိပဋ္ဌာန်ဝိပဿနာတရားကို စတင်၍ ဟောကြားပြသတော်မူခဲ့ပါသည်။ ထို့နောက် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းသို့ ပြန်ကြွတော်မူခဲ့ပါသည်။

၁၃၀၃-ခုနှစ်၊ နတ်တော်လ (၁၉၄၁-ခု၊ နိုဝင်ဘာလ) တွင် ဒုတိယကမ္ဘာစစ်ကြောင့် မော်လမြိုင်မြို့၊ တောင်ဝိုင်းကလေး တိုက်ကျောင်းမှ ဇာတိဆိပ်ခွန်ရွာသို့ တဖန် ပြန်လည် သီတင်းသုံးနေထိုင်တော်မူပါသည်။ ထိုနှစ်တွင် သတိပဋ္ဌာန်ဝိပဿနာ တရားကို ဆက်လက် ညွှန်ကြားပြသတော်မူရာ တရားအားထုတ်ကြသော ယောဂီများ တနှစ်ထက် တနှစ် တိုးတက် များပြားလာခဲ့ ပါသည်။ ယောဂီများ တရားအားထုတ်ရန် နှိုးဆော်တီးခတ်လေ့ရှိသည့်ကြီးမားသော စည်ကြီးကို အကြောင်းပြု၍ မှည့်ခေါ်ထားသောဆိပ်ခွန်ရွာ အင်ကြင်းတောတိုက် မဟာစည်ကျောင်းတော် တွင် သီတင်းသုံးသဖြင့် ‘‘မဟာစည်ဆရာတော်’’ ဟု အမည်တွင်တော်မူခဲ့ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၀၅-ခုနှစ် (၁၉၄၃-ခုနှစ်) တွင် စာမျက်နှာ ၉၅၀-ခန့်ရှိသော ဝိပဿနာရှုနည်းကျမ်းကြီး (စာအုပ်ထုတ်သည့်အခါ ပထမတွဲ နှင့် ဒုတိယတွဲဟူ၍ ၂-တွဲ ထုတ်ဝေပါသည်။) ကို ရေးသားပြုစုတော်မူခဲ့ပြီး ထိုကျမ်းကြီးကို ခေတ်အဆက်ဆက်ပညာရှင်များ အံ့မခန်း ချီးကျူးတော်မူခဲ့ကြပါသည်။

၁၃၀၉-ခုနှစ်၊ နတ်တော်လဆန်း ၁-ရက် (၁၃-၁၁-၁၉၄၇) နေ့တွင် မြတ်ဗုဒ္ဓ၏ ပရိယတ္တိနှင့် ပဋိပတ္တိ သာသနာတော်ကြီးကို အစွမ်းကုန် အမြင့်မားဆုံး ချီးမြှောက်ရန်ရည်သန်လျက်ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ကို သတိုးသီရိသုဓမ္မ သူဌေးကြီးဆာဦးသွင် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ရန်ကုန်မြို့၌ တည်ထောင်ခဲ့ပါသည်။ ၁၃၁၀-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉-ရက်နေ့ (၂၆-၉-၁၉၄၈)တွင် ဆာဦးသွင်က ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရှိ မြေ(၅)ဧကကျော်ကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်သို့ ပေးအပ်လှူဒါန်းကာ သာသနာ့ရိပ်သာကြီးကို ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။ ယခုအခါ မဟာစည်သာသနာ့ရိပ်သာကြီးသည် ဧက(၂၀)အထိ ကျယ်ပြန့်လျက်ရှိပြီး ဓမ္မာရုံကျောင်းဆောင်ကြီးများ၊ နာယကကျောင်းဆောင်များ၊ ရဟန်း, ရှင်, လူ, အမျိုးသား, အမျိုးသမီး ယောဂီကျောင်းဆောင်များဖြင့် တိုးတက်စည်ပင်လျက်ရှိပါသည်။၁၃၁၁-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆-ရက် (၁၀-၁၁-၁၉၄၉) တွင် ဝန်ကြီးချုပ် ဦးနုနှင့် ဆာဦးသွင် တို့သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကို ဝိပဿနာ တရားတော်များ ဟောကြားပြသပေးတော်မူရန် လျှောက်ထားတောင်းပန်၍ ရန်ကုန်မြို့ သာသနာ့ရိပ်သာကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။

၁၃၁၁-ခုနှစ်၊ နတ်တော်လပြည့်နေ့ (၄-၁၂-၁၉၄၉) တွင် မဟာစည်ဆရာတော်ဘုရားကြီးသည် ပထမဆုံးအကြိမ်အဖြစ် ယောဂီ၂၅-ဦးတို့အား ဝိပဿနာတရားတော်များ ဟောကြားပြသတော်မူခဲ့ပါသည်။ နှစ်အနည်းငယ်အတွင်း မဟာစည်တရားရိပ်သာများကို မြန်မာနိုင်ငံတဝှမ်းလုံး၌ ဖွင့်လှစ်နိုင်ခဲ့ရာ ယခုအချိန်တွင် ပြည်တွင်း ပြည်ပရိပ်သာခွဲပေါင်း (၆၉၇) ထိ ရှိနေပြီဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်းနိုင်ငံ, စင်္ကာပူနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံများတွင်သာမက ကမ္ဘာ့နိုင်ငံများစွာတွင်လည်း အလားတူရိပ်သာများ ဖွင့်လှစ်ပြီး ဆရာတော်ကြီး၏ ဝိပဿနာနည်းနာအတိုင်း ပြသဆောင်ရွက်လျက် ရှိကြပါသည်။ ၁၃၇၉-ခုနှစ်၊ ပြာသိုလဆန်း ၁၄-ရက် (၃၁-၁၂-၂၀၁၇) နေ့အထိမဟာစည်ကမ္မဋ္ဌာန်းနည်းဖြင့် ဝိပဿနာတရား ရှုမှတ်အားထုတ်ပြီးဖြစ်သည့်ပြည်တွင်းပြည်ပယောဂီပေါင်း (၄,၉၁၄,၀၂၈) ဦး ရှိပြီဖြစ်ပါသည်။

သာသနာ့ရိပ်သာကြီးသို့ ရောက်ပြီးနောက် ၂-နှစ်ကျော်အကြာ ၁၃၁၃-ခုနှစ်၊ ပြာသိုလဆန်း၈-ရက်၊ (၄-၁-၁၉၅၂) တွင် မဟာစည်ဆရာတော်ဘုရားကြီး၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့ကို ကြည်ညိုလေးစား၍ နိုင်ငံတော်အစိုးရက လှူဒါန်းဆက်ကပ်အပ်သော “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့ပါသည်။

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ပွဲတော်ကြီးကို ၁၃၁၆-ခုနှစ် ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ (၁၇-၅-၁၉၅၄) မှ စတင်၍ ၇-နှစ် ကျော်ကြာအောင် ဆင်ယင်ကျင်းပခဲ့ရာတွင် မဟာစည် ဆရာတော်ဘုရားကြီးသည် အလွန်အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ဆောင်ရွက်တော်မူခဲ့ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကို နောက်ဆုံးတည်းဖြတ်စစ်ဆေးရသော ဩသာနသောဓကအဖွဲ့တွင် ပင်တိုင် ဆောင်ရွက် တော်မူခဲ့ပါသည်။ ထို့ပြင် မဟာစည်ဆရာတော်ဘုရားကြီးသည်အမေး(ပုစ္ဆက)ဆရာတော်အဖြစ် ပါဝင်၍လည်း ဆောင်ရွက်တော်မူခဲ့ပါသည်။ ထိုအမေး(ပုစ္ဆာ)များကို မင်းကွန်းတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ က ဖြေကြားတော်မူခဲ့ပါသည်။ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမဦးဆုံး သင်္ဂါယနာတင်တော်မူစဉ်က အရှင်မဟာကဿပ မဟာထေရ်မြတ်က အမေး(ပုစ္ဆက)အဖြစ် ဆောင်ရွက်တော်မူပြီး အရှင်ဥပါလိမထေရ်မြတ် နှင့် အရှင်အာနန္ဒာမထေရ်မြတ် တို့က ရွတ်ဆိုဖြေကြား၍ သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ပွဲတော်ကြီးတွင် ပါဠိတော်များကို သင်္ဂါယနာတင်တော်မူပြီးနောက် အဋ္ဌကထာ, ဋီကာတို့ကို မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆရာတော်ကြီးများ ဦးဆောင်လျက် သင်္ဂါယနာတင်တော်မူခဲ့ရာ ၁၃၂၃-ခုနှစ်၊ တပို့တွဲလဆန်း ၁၂-ရက်နေ့ (၁၆-၂-၁၉၆၂) တွင် ဋီကာသင်္ဂါယနာ အောင်မြင်ပြီးမြောက်ခဲ့ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် ထိုသို့ကြီးမားသော လုပ်ငန်းများကို အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်တော်မူခဲ့ပါသည်။ဆရာတော်ဘုရားကြီးအနေဖြင့် တရားစာအုပ်ပေါင်း (၈၀)ကျော် ပြုစုရေးသားတော်မူခဲ့ရာတွင်, ၆-နှစ်ကျော် နေ့စဉ် စာဝါပို့ချလျက် ပြုစုတော်မူခဲ့သော ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယကျမ်းကြီး ၄-တွဲ စသည့် ထင်ရှားကျော်ကြားသည့် ကျမ်းစာများလည်း အပါအဝင်ဖြစ်ပါသည်။ ပညာရှင်များအတွက် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ်မဟာဋီကာ မှ ခက်ခဲသော သမယန္တရပိုင်း ကို ထုတ်နုတ်၍ ‘‘ဝိသုဒ္ဓိမဂ်မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယ’’ ကိုလည်း ရေးသားထုတ်ဝေဖြန့်ချိခဲ့ပါသည်။မဟာစည်ဆရာတော်ဘုရားကြီးသည် ကမ္ဘာ့နိုင်ငံများဖြစ်ကြသော ထိုင်း, လာအို, ကမ္ဘောဒီးယား, သီရိလင်္ကာ, နီပေါ, အိန္ဒိယ, အင်ဒိုနီးရှား, ဂျပန် စသည့် အာရှနိုင်ငံ များ, အမေရိကန်, အင်္ဂလန်, ပြင်သစ်, အီတလီ စသည့် အနောက်နိုင်ငံများသို့ ကြွရောက်တော်မူပြီး မဟာသတိပဋ္ဌာန်ဝိပဿနာတရားတော်များကို ဟောကြားပြသ၍ ကမ္ဘာကို ထေရဝါဒ ဗုဒ္ဓသာသနာပြုတော်မူခဲ့ပါသည်။ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မဟာစည်သတိပဋ္ဌာန် ဝိပဿနာရှုမှတ်နည်း လက်ခံပြသလျက်ရှိသော ရိပ်သာများ,တရားဌာနများ တိုးပွားလျက် ရှိပါသည်။ ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ၏သင်ရိုးညွှန်းတမ်းများတွင် စာသင်သံဃာတော်များသည် ပရိယတ္တိစာပေများ သင်ကြားပြီးစီးလျှင် သတိပဋ္ဌာန်ဝိပဿနာတရားတော်ကိုသတ်မှတ်ထားသော ကာလတခုအတိုင်း မဟာစည်သာသနာ့ရိပ်သာကြီးတွင် လက်တွေ့အားထုတ်နိုင်ပါရန် ပြဋ္ဌာန်းထားရှိပါသည်။ လက်တွေ့အားထုတ်ပြီးစီး၍ ပရိယတ္တိ, ပဋိပတ္တိ ဂုဏ်ရည်များနှင့် ပြည့်စုံတော်မူပြီးသော သံဃာတော်များကို ဘွဲ့လက်မှတ်တော်များဆက်ကပ်ပူဇော်တော်မူပါသည်။

၁၃၄၄-ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် ၉-ရက် (၁၃-၈-၁၉၈၂)၊ သောကြာနေ့ ညနေတွင် မဟာစည်ဆရာတော်ဘုရားကြီးသည် ယောဂီအသစ်များအား ဝိပဿနာအလုပ်ပေးတရား ဟောကြားတော်မူခဲ့ပါသည်။ ည ၇-နာရီခွဲခန့်တွင် လေဖြတ်ရောဂါဝေဒနာ ခံစားခဲ့ရပြီးနောက် ၁၃၄၄-ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်၁၀-ရက်(၁၄-၈-၁၉၈၂)၊ စနေနေ့ မွန်းလွဲ (၁ : ၃၆)နာရီအချိန် သက်တော် ၇၈-နှစ်၊ သိက္ခာတော် ၅၈-ဝါတွင် မဟာစည်စံကျောင်းတော်၌စံလွန်တော်မူခဲ့ပြီး ၁၃၄၄-ခုနှစ်၊ ဝါခေါင်လဆန်း ၁-ရက် (၂၀-၈-၁၉၈၂)၊ သောကြာနေ့တွင် ကြံတောသုသာန်၌ အန္တိမအဂ္ဂိဈာပနကို ကျင်းပပူဇော်ခဲ့ပါသည်။မဟာစည်ဆရာတော်ဘုရားကြီးသည် အလွန် ရှားပါးသော ဥပဓိရုပ်ရည်တော်နှင့် မြင့်မားသော အရပ်တော် ရှိ၍ ထူးချွန်ထက်မြက်သာလွန်သော အသိဉာဏ်, ခြားလေးနက်သော ဝိပဿနာဉာဏ်ရည်များနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ် ဖြစ်တော်မူပြီးမြတ်ဗုဒ္ဓ ဟောကြားခဲ့သော သတိပဋ္ဌာန်တရားများကို လက်တွေ့ ကျင့်သုံးအားထုတ်ပြီးလျက် ပရိယတ္တိ,ပဋိပတ္တိ ၂-ရပ်စုံညီစွာဖြင့် တရားတော်များကို ဟောကြားရေးသားပြုစုတော်မူ၍ သတိပဋ္ဌာန် ဝိပဿနာအကျင့်လမ်းစဉ်များကို ကျွမ်းကျင်စွာ ပြသပေးတော်မူနိုင်သော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူပါသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝသက်တမ်းတလျှောက်လုံး ဟောကြားပြသရေးသားပြုစုတော်မူခဲ့သော ဝိပဿနာ တရားတော်များသည် အရှေ့အနောက် ကမ္ဘာတခွင်သို့ပျံ့နှံ့၍ ထောင်ပေါင်းများစွာသော လူသားအပေါင်းတို့အား ဝိပဿနာ အကျိုးတရားများ ဖြစ်ပွားစေလျက် ရှိပါသည်။ အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တဘဝတာ ဆောင်ရွက်တော်မူခဲ့သော ပရိယတ္တိ, ပဋိပတ္တိ လုပ်ငန်းရပ်များကို ကြည်ညိုပူဇော်ခွင့်ရကြသဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ထူးချွန်ထက်မြက်တော်မူသော ပုဂ္ဂိုလ်မြတ်တို့တွင် အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ထိပ်တန်းမှ ပါဝင်လျက် ရှိသည်ကို တွေ့မြင်ကြည်ညို အမှတ်ရလျက် ရှိကြပါတော့သည်။

[ ဤမဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းပါအချက်အလက်များကို ၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလတွင် နောက်ဆုံးပြင်ဆင်ပြုစုထားပါသည်။ ]

Short Biography of the Venerable Mahāsi Sayadaw

The Venerable U Sobhana Mahāthera, better known as Mahāsi Sayadaw was born on 29 July 1904 to the peasant proprietors, U Kan Taw and Daw Ok at Seikkhun Village, which is about seven miles to the west of the town of Shwebo in Upper Myanmar, once the capital of the founder of the last Myanmar dynasty. Sayadaw’s name was Mg Thwin.

At the age of six, he began his studies at a monastic school in his village, and at the age of twelve he was ordained a Sāmaṇera (novice) receiving the name of Sobhana. On reaching the age of twenty, he was ordained a Bhikkhu on 26th November 1923. He passed the Government Pāli Examinations in all the three classes (lower, middle and highest) in the following three successive years.

In the fourth year after his Bhikkhu ordination, he proceeded to Mandalay, noted for its preeminence in Buddhist studies, where he continued his further education under various monks of high scholastic fame. In the fifth year, he went to Mawlamyaing where he took up the work of teaching the Buddhist scriptures at a monastery known as “Taung-waing-galay Taik-kyaung”.

In the eighth year after his Bhikkhu ordination, he and another monk left Mawlamyaing equipped with the bare necessities of a Bhikkhu (i.e. alms- bowl, a set of three robes, etc.) and went in search of a clear and effective method in the practice of meditation. At Thaton, he went to the well-known Meditation Teacher, the Venerable U Narada, who is also known as “Mingun Jetavan Sayadaw the First”. He then placed himself under the guidance of the Sayadaw and at once proceeded with an intensive course of meditation.

He had progressed so well in his practice that he was able to teach the method effectively to his first three disciples in Seikkhun while he was on a visit there in 1938. These three lay disciples, too, made remarkable progress. Inspired by the example of these three, gradually as many as fifty villagers joined the courses of intensive practice.

The Venerable Mahāsi Sayadaw could not stay with the Venerable Mingun Sayadaw as long as he wanted as he was urgently asked to return to the Mawlamyaing monastery. Its aged head monk was gravely ill and passed away not long after the Venerable Mahāsi Sayadaw’s return. The Venerable Mahāsi Sayadaw was then asked to take charge of the monastery and to resume teaching the resident monks. During this time, he sat for the Pāli Lectureship Examination on its first introduction, and passed on the first attempt in 1941 and was awarded the title of “Sāsanadhaja Siripavara Dhammācariya”.

On the event of the Japanese invasion, the authorities gave an evacuation order to those living near Mawlamyaing at the Taung-waing-galay Monastery and its neighbourhood. These places were close to an air field and hence exposed to air attacks. For the Sayadaw, this was a welcome opportunity to return to his native Seikkhun and to devote himself whole-heartedly to his own practice of Vipassanā meditation and to the teaching of it to others.

He took residence at a monastery known as Mahāsi-Kyaung, which was thus called because a drum (Myanmar–si) of an unusually large (Mahā) size was housed there. From that monastery, the Sayadaw’s popular name, Mahāsi Sayadaw, is derived.

It was during this period, in 1945, that the Sayadaw wrote his great work, Manual of Vipassanā Meditation, a comprehensive and authoritative treatise expounding both the doctrinal and the practical aspects to the Satipaṭṭhāna method of meditation. This work of two volumes, comprising 858 pages in print, was written by him in just seven months, while the neighbouring town of Shwebo was at times subjected to almost daily air attacks. So far, Volume I and Chapter V of Volume II have been translated into English and are published under the titles “A Practical way of Vipassanā (Insight Meditation)Volume I” and “Practical Insight Meditation: Basic and Progressive Stages”.*

It did not take long before the reputation of Mahāsi Sayadaw as an able teacher of Insight Meditation (Vipassanā ) had spread throughout the Shwebo-Sagaing region and attracted the attention of a prominent and very devout Buddhist layman, Sir U Thwin, who was regarded as Myanmar’s Elder Statesman. It was his wish to promote the inner strength of Buddhism in Myanmar by setting up a meditation centre to be guided by a meditation teacher of proven virtue and ability. After meeting Mahāsi Sayadaw and listening to a discourse given by him and to the meditation instructions given to the nuns in Sagaing, Sir U Thwin was in no doubt that he had found the ideal person he was looking for.

In 1947, the Buddha Sāsanā Nuggaha Organization was founded in Yangon with its objectives of furthering the study (Pariyatti) and practice (Paṭipatti) of Buddhism, with Sir U Thwin as its first President. In 1948, Sir U Thwin donated five acres of land at Bahan Township, Yangon, to the organization for the erection of a meditation centre. It is on this site that the present (Thathana (or Sāsana) Yeiktha, i.e.: “Buddhist Retreat” is situated, which now, however, covers an area of twenty acres, with a large number of buildings.

In 1949, the then Prime Minister of Myanmar,U Nu, and Sir U Thwin requested that the Venerable Mahāsi Sayadaw come to Yangon and give training in meditational practice. On 4 December 1949, the Sayadaw introduced the first group of 25 meditators into the methodical practice of Vipassanā meditation. Within a few years of the Sayadaw’s arrival in Yangon, similar meditation centres sprang up all over Myanmar, until they numbered over six hundred now. In neighboring Theravāda countries like Thailand and Sri Lanka, such centres were also established in which the same method was taught and practised. According to a 1972 census, the total number of yogis trained at these centres (both in Myanmar and abroad) had exceeded the figure of seven hundred thousand. In the East and in several Western countries as well, Vipassanā courses continue to be conducted.

At the historic Sixth Buddhist Council (Chaṭṭha Saṅgāyana) held at Yangon for two years, culminating in the year 2500 Buddhist Era (1956), the Venerable Mahāsi Sayadaw had an important role. He was one of the Final Editors of the canonical texts, which were recited and thereby approved, in the sessions of the Council. Further, he was the Questioner (Pucchaka), that is, he had to ask the questions concerning the respective canonical texts that were to be recited. They were then answered by an erudite monk with a phenomenal power of memory, by the name of Venerable Vicitta sārābhivamsa. To appreciate fully the importance of these roles, it may be mentioned that at the first Council held one hundred days after the passing away of the Buddha, it was the Venerable Mahākassapa who put forth those introductory questions which were then answered by the Venerable Upāli and the Venerable Ānanda.

After the recital of the canonical scriptures, the Tipiṭaka, had been completed at the Sixth Council, it was decided to continue with a rehearsal of the ancient commentaries and sub-commentaries, preceded by critical editing and scrutiny. In the large task, too, the Mahāsi Sayadaw took a prominent part.

In the midst of all of these tasks, he was also a prolific and scholarly writer. He authored more than 100 writings and translations, mostly in Myanmar, with a few in the Pāli language. One of these deserves to be singled out is his Myanmar translation of the Commentary to the Visuddhimagga (visuddhimaggamahāṭīkā), which, in two large volumes of the Pāli original, is even more voluminous than the work commented upon and presents explanations on many difficult points, linguistically and in its contents.

In 1957 Mahæsi Sayadaw was awarded the title of ‘Aggamahāpandita’.

Yet even all of this did not exhaust the Mahāsi Sayadaw’s remarkable capacity for work in the cause of the Buddha-dhamma. He undertook several travels abroad as follows;

Thailand, Cambodia and Vietnam (1952): India and Sri Lanka (1953-1959): Japan (1957): Indonesia (1959): America, Hawaii, England, Continental Europe (1979): England, Sri Lanka. Singapore, Malaysia, Thailand (1980): Nepal, India (1981).

The first two of his tours were in preparation for the Sixth Council, but were likewise used for preaching and teaching.

In the midst of all these manifold and strenuous activities, he never neglected his own meditative life which had enable him to give wise guidance to those instructed by him. His outstanding vigour of body and mind and his deep dedication to the Dhamma sustained him through a life of 78 years.

On 14 August 1982, the Venerable Mahæsi Sayadaw succumbed to a sudden and severe cerebral stroke which he had suffered the night before. Yet on the evening of the 13th, he had still given and introductory explanation to a group of new meditators.

The Venerable Mahāsi Sayadaw was one of the very rare personalities in whom there was a balanced and high development of both profound erudition linked with a keen intellect, and deep and advanced meditative experience. He was also able to teach effectively both Buddhist thought and Buddhist practice.

His long career of teaching through the spoken and printed words had a beneficial impact on many hundreds of thousands in the East and the West. His personal stature and his life’s work rank him among the great figures ofcontemporary Buddhism. (Taken from Yangon Maharsi)